Mobile Information Literacy@ဇောတိပါလ Library, ပုဂံမြို့
======================
" အမေရိကန်နိုင်ငံ၊ Washington University ရဲ့ သင်ရိုးညွှန်တမ်းဖြစ်တဲ့
Mobile Information Literacy Course ကို ပုဂံမြို့၊ ရွေစည်ခုံးဘုရား
အနောက်ဘက်ရှိ ဇောတိပါလ Library မှာ MBAPF MIL Training of Trainer (ToT)
ကို သင်ကြားပို့ချပေးခဲ့ပါတယ်။ MIL Course ကို (၁၀) ကြိမ်ခန့်
သင်ကြားပို့ချပေးခဲ့ဖူးတဲ့ ဆရာတွေကို ပြန်ပြီး MIL သင်ပေးရတာဖြစ်တဲ့အတွက်
ကျွန်တော့်အတွက်တော့ ဒါဟာ အဂ္ဂမဟာစိန်ခေါ်မှုကြီး တစ်ခုပါပဲ။ ဘုရားရှင်
ဇာတ်တော်ထဲက စကားနဲ့ပြောရရင် အပ်လုပ်တဲ့ရွာမှာ အပ်သွားရောင်းရသလိုပါပဲ။ MIL
ရဲ့ Module (၅) ခု စလုံးကို သူတို့ မကြားဖူးသေးတဲ့ ဥပမာ ဥပမေယျအသစ်တွေနဲ့
သင်ကြားပို့ချနိုင်ခဲ့လို့ သင်တန်းသားတွေရဲ့ ယုံကြည်ကိုးစားမှုကို
ရရှိခဲ့ပါတယ်။ သူတို့အတွက်လည်း အင်မတန် အကျိုးရှိတဲ့ ToT Course
တစ်ခုဖြစ်ခဲ့လို့ ဝမ်းသာရပါတယ်။ MIL ရဲ့ အနှစ်သာရဖြစ်တဲ့ Online Security,
Privacy, Online Ethic တွေကို အသေးစိတ် သင်ကြားပို့ချနိုင်ခဲ့တဲ့အပြင်
အင်တာနက်ရဲ့ သမိုင်းကြောင်း အသေးစိတ်တွေကို ရုရှရဲ့စပွန်နစ်ဂြိုတ်တုကနေ
စတင်ပြီး ပို့ချခဲ့ပါတယ်။ " လို့ သင်တန်းဆရာ ကိုဝေဖြိုးအောင် (AIT Computer) မှ သူ၏ Facebook စာမျက်နှာတွင် တင်ထားပါသည်။ ကိုဝေဖြိုးအောင်
www.aitcomputer.com
Popular Posts
-
Mobile Information Literacy Course @ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး) ================================================= မြန်မာနိုင်ငံရဲ့ အ...
-
မြန်မာပြည် တောင်သူလယ်သမားများအတွက် Green Way Project Training ကို Myanmar Book Center-3 လမ်းမတော်တွင် ပြုလုပ်
Subscribe to:
Post Comments (Atom)
-
" 28-Apr-2017 MIL သင်တန်းဆင်းပွဲ " အထက်မြန်မာပြည် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ အရာထမ်းလောင်းသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန...
No comments:
Post a Comment