Popular Posts

Friday, July 14, 2017

မောင်​​မောင်​နိုင်​(ကျိုင်းတုံ) သတင်းစာမှ ကူးယူဖော်ပြချက်

အမှတ်​စဉ်​၁၅ C4D(မန္တ​လေး)သင်​တန်းဖွင့်​လှစ်
မန္တ​လေး ဇွန်​ ၁၃
မန္တ​လေးမြို့ ၇၁×၇၂လမ်းနှင့်​၃၆×၃၇လမ်းကြားရှိ ယုံကြည်​ရာ စာကြည့်​တိုက်​တွင်​ Communication for Development သင်​တန်းအမှတ်​စဉ်​(၁၅)ကို ဇွန်​လ ၁၂ရက်​မှ ၁၄ရက်​​နေ့အထိဖွင့့်လှစ်​လျက်​ရှိ​ကြောင်း သိရသည်​။
``​စိုက်​ပျိုး​​မွေးမြူ​ရေး​လုပ်​ကိုင်​​နေတဲ့ ​တောင်​သူ​တွေနဲ့
ထိ​တွေ့ဆက်​ဆံ​နေသူ​တွေ၊ အသိပညာ​ပေး​နေသူ​တွေ ကို သင်​တန်း​ပေးတာပါ၊ သတင်းအချက်​အလက်​ဆိုင်​ရာ
နည်းပညာ​ဟာ ယ​နေ့အချိန်​အခါမှာ အ​ရေးပါ​နေတယ်​ဆိုတာ သူတို့သိပြီး ​တောင်​သူ​တွေကို ဖြန့်​​ဝေ​ပေးနိုင်​​အောင်​ပါ´´ ဟု သင်​တန်းနည်းပြဆရာ Myanmar Book Aid & Preservation Foundation (MBAPF)မှအုပ်​ချုပ်​မှုဒါရိုက်​တာ ​ဒေါက်တာသန့်​​သော်​​ကောင်းက​ပြောသည်​။
သင်​တန်းကို ​နေပြည်​​တော်​၊စစ်​ကိုင်း၊ရှမ်းပြည်​နယ်​၊​မန္တလေးတိုင်း​ဒေသကြီးတို့မှ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနဝန်​ထမ်း(၂၁)ဦး၊ငါးလုပ်​ငန်းဦးစီးဌာနဝန်​ထမ်း(၅)ဦးတက်​​ရောက်​ပြီး သင်​တန်းနည်းပြ(၄)ဦးဖြင့်​ သင်​ကြားလျက်​ရှိသည်​။
`သင်​တန်းက​ကောင်းတယ်​ ကွန်​ပျူတာ၊အင်​တာနက် ဆိုင်​ရာ​တွေ အထူးသဖြင့်​ လက်​ကိုင်​ဖုန်းနဲ့ ICT
နည်းပညာ​တွေ ကို ရိုးရိုးရှင်းရှင်း​လေးသိရတယ်​ ကျ​နော်​တို့သိထား တာ​တွေထက်​ ပိုပြီး စနစ်​တကျသိလာတယ်​´ ဟု ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)မှ လာ​ရောက်​သင်​တန်းတက်​သည့်​ ပြန်​ဆက်​ဦးစီးဌာနမှ ဝန်​ထမ်း တစ်​ဦးက​ပြောသည်​။
`ကျ​တော်​တို့​ဒေသမှာ ကွင်းဆင်းတဲ့အခါ ဒီသင်​တန်းက ရရှိတဲ့ နည်းစနစ်​​နဲ့ မိမိသိလိုတဲ့အချက်​အလက်​များရှာ​ဖွေတာ၊​တွေ ရိုးရှင်းစနစ်​ကျတဲ့ ဒီနည်းပညာ​တွေ ပြန်​လည်​​ဝေမျှသွားမှာပါ´ ဟု ၎င်းက ဆက်​​ပြောသည်​။
သင်​တန်းကို Communication for Sustainable Livelihood and Food Security စီမံကိန်း ခေါင်းစဉ်အောက်၌
ပြန်​ကြား​ရေးဝန်​ကြီးဌာန၊UNESCO, LIFT နှင့် MBAPF တို့ ပူးပေါင်း၍ ​နေပြည်​​တော်​နှင့်
မန္တ​လေးမြို့တို့တွင်​ ယခုနှစ်​ ဧပြီလမှ သင်တန်းအမှတ်​စဉ်​(၁)စတင်​ကာ သင်​တန်းများ ဆက်​တိုက်​ဖွင့်​လှစ်​ခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်​။
မောင်​​မောင်​နိုင်​(ကျိုင်းတုံ)

No comments:

Post a Comment