Popular Posts

Friday, July 14, 2017

မောင်​​မောင်​နိုင်​(ကျိုင်းတုံ) သတင်းစာမှ ကူးယူဖော်ပြချက်

အမှတ်​စဉ်​၁၅ C4D(မန္တ​လေး)သင်​တန်းဖွင့်​လှစ်
မန္တ​လေး ဇွန်​ ၁၃
မန္တ​လေးမြို့ ၇၁×၇၂လမ်းနှင့်​၃၆×၃၇လမ်းကြားရှိ ယုံကြည်​ရာ စာကြည့်​တိုက်​တွင်​ Communication for Development သင်​တန်းအမှတ်​စဉ်​(၁၅)ကို ဇွန်​လ ၁၂ရက်​မှ ၁၄ရက်​​နေ့အထိဖွင့့်လှစ်​လျက်​ရှိ​ကြောင်း သိရသည်​။
``​စိုက်​ပျိုး​​မွေးမြူ​ရေး​လုပ်​ကိုင်​​နေတဲ့ ​တောင်​သူ​တွေနဲ့
ထိ​တွေ့ဆက်​ဆံ​နေသူ​တွေ၊ အသိပညာ​ပေး​နေသူ​တွေ ကို သင်​တန်း​ပေးတာပါ၊ သတင်းအချက်​အလက်​ဆိုင်​ရာ
နည်းပညာ​ဟာ ယ​နေ့အချိန်​အခါမှာ အ​ရေးပါ​နေတယ်​ဆိုတာ သူတို့သိပြီး ​တောင်​သူ​တွေကို ဖြန့်​​ဝေ​ပေးနိုင်​​အောင်​ပါ´´ ဟု သင်​တန်းနည်းပြဆရာ Myanmar Book Aid & Preservation Foundation (MBAPF)မှအုပ်​ချုပ်​မှုဒါရိုက်​တာ ​ဒေါက်တာသန့်​​သော်​​ကောင်းက​ပြောသည်​။
သင်​တန်းကို ​နေပြည်​​တော်​၊စစ်​ကိုင်း၊ရှမ်းပြည်​နယ်​၊​မန္တလေးတိုင်း​ဒေသကြီးတို့မှ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနဝန်​ထမ်း(၂၁)ဦး၊ငါးလုပ်​ငန်းဦးစီးဌာနဝန်​ထမ်း(၅)ဦးတက်​​ရောက်​ပြီး သင်​တန်းနည်းပြ(၄)ဦးဖြင့်​ သင်​ကြားလျက်​ရှိသည်​။
`သင်​တန်းက​ကောင်းတယ်​ ကွန်​ပျူတာ၊အင်​တာနက် ဆိုင်​ရာ​တွေ အထူးသဖြင့်​ လက်​ကိုင်​ဖုန်းနဲ့ ICT
နည်းပညာ​တွေ ကို ရိုးရိုးရှင်းရှင်း​လေးသိရတယ်​ ကျ​နော်​တို့သိထား တာ​တွေထက်​ ပိုပြီး စနစ်​တကျသိလာတယ်​´ ဟု ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)မှ လာ​ရောက်​သင်​တန်းတက်​သည့်​ ပြန်​ဆက်​ဦးစီးဌာနမှ ဝန်​ထမ်း တစ်​ဦးက​ပြောသည်​။
`ကျ​တော်​တို့​ဒေသမှာ ကွင်းဆင်းတဲ့အခါ ဒီသင်​တန်းက ရရှိတဲ့ နည်းစနစ်​​နဲ့ မိမိသိလိုတဲ့အချက်​အလက်​များရှာ​ဖွေတာ၊​တွေ ရိုးရှင်းစနစ်​ကျတဲ့ ဒီနည်းပညာ​တွေ ပြန်​လည်​​ဝေမျှသွားမှာပါ´ ဟု ၎င်းက ဆက်​​ပြောသည်​။
သင်​တန်းကို Communication for Sustainable Livelihood and Food Security စီမံကိန်း ခေါင်းစဉ်အောက်၌
ပြန်​ကြား​ရေးဝန်​ကြီးဌာန၊UNESCO, LIFT နှင့် MBAPF တို့ ပူးပေါင်း၍ ​နေပြည်​​တော်​နှင့်
မန္တ​လေးမြို့တို့တွင်​ ယခုနှစ်​ ဧပြီလမှ သင်တန်းအမှတ်​စဉ်​(၁)စတင်​ကာ သင်​တန်းများ ဆက်​တိုက်​ဖွင့်​လှစ်​ခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်​။
မောင်​​မောင်​နိုင်​(ကျိုင်းတုံ)

MIL Training at Bagan District Relioious Office

MIl Training at Bagan District Religious Office


C4D - Communication for Development

C4D - Communication for Development သင်တန်းကို မန္တလေးမြို့ ယုံကြည်ရာစာကြည့်တိုက်တွင်
30 May ~ 1 June, 2017 တွင် ပြုလုပ်ခဲ့ပြီး ပြန်/ဆက်မှ ၀န်ထမ်း (၂၄)ယောက်တိတိ တက်ရောက်ခဲ့သည်




Pre & Post Training Questionnaires for Communication For Development (UNESCO)

Pre Training Questionnaires for Communication For Development (UNESCO)


Post Training Questionnaires for Communication For Development (UNESCO)

Mobile Information Literacy@ဇောတိပါလ Library, ပုဂံမြို့

Mobile Information Literacy@ဇောတိပါလ Library, ပုဂံမြို့
======================
" အမေရိကန်နိုင်ငံ၊ Washington University ရဲ့ သင်ရိုးညွှန်တမ်းဖြစ်တဲ့ Mobile Information Literacy Course ကို ပုဂံမြို့၊ ရွေစည်ခုံးဘုရား အနောက်ဘက်ရှိ ဇောတိပါလ Library မှာ MBAPF MIL Training of Trainer (ToT) ကို သင်ကြားပို့ချပေးခဲ့ပါတယ်။ MIL Course ကို (၁၀) ကြိမ်ခန့် သင်ကြားပို့ချပေးခဲ့ဖူးတဲ့ ဆရာတွေကို ပြန်ပြီး MIL သင်ပေးရတာဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တော့ ဒါဟာ အဂ္ဂမဟာစိန်ခေါ်မှုကြီး တစ်ခုပါပဲ။ ဘုရားရှင် ဇာတ်တော်ထဲက စကားနဲ့ပြောရရင် အပ်လုပ်တဲ့ရွာမှာ အပ်သွားရောင်းရသလိုပါပဲ။ MIL ရဲ့ Module (၅) ခု စလုံးကို သူတို့ မကြားဖူးသေးတဲ့ ဥပမာ ဥပမေယျအသစ်တွေနဲ့ သင်ကြားပို့ချနိုင်ခဲ့လို့ သင်တန်းသားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိခဲ့ပါတယ်။ သူတို့အတွက်လည်း အင်မတန် အကျိုးရှိတဲ့ ToT Course တစ်ခုဖြစ်ခဲ့လို့ ဝမ်းသာရပါတယ်။ MIL ရဲ့ အနှစ်သာရဖြစ်တဲ့ Online Security, Privacy, Online Ethic တွေကို အသေးစိတ် သင်ကြားပို့ချနိုင်ခဲ့တဲ့အပြင် အင်တာနက်ရဲ့ သမိုင်းကြောင်း အသေးစိတ်တွေကို ရုရှရဲ့စပွန်နစ်ဂြိုတ်တုကနေ စတင်ပြီး ပို့ချခဲ့ပါတယ်။ " လို့ သင်တန်းဆရာ ကိုဝေဖြိုးအောင် (AIT Computer) မှ သူ၏ Facebook စာမျက်နှာတွင် တင်ထားပါသည်။ ကိုဝေဖြိုးအောင်
www.aitcomputer.com


How to sing a song

It's time to sing a song, it make them improve their listening skill and they are enjoy with new experience


TAG Girls များအား Photoshop အခြေခံသင်ကြားခြင်း

မေ-၂ ရက် ၂၀၁၇ တွင် TAG Program တွင်ပါဝင်သော နည်းပညာခေတ်မိန်းကလေးငယ်များအား အခြေခံ Photoshop သင်ကြားခြင်း


Tech Age Girls Myanmar Project 2017

Tech Age Girls Myanmar Project  2017
Week 6 day (1& 2)
Facebook and Online security and safety

" 28-Apr-2017 MIL သင်တန်းဆင်းပွဲ "

" 28-Apr-2017 MIL သင်တန်းဆင်းပွဲ "
အထက်​မြန်မာပြည် ဇီးပင်​ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ အရာထမ်းလောင်းသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) သင်တန်းသားများကို e-Government Tools တွေ အသုံးပြုနိုင်ဖို့ Internet Infrastructure ခိုင်မာစေဖို့ " အမေရိကန်နိုင်ငံ၊ Washington University ရဲ့ သင်ရိုးညွှန်တမ်းဖြစ်တဲ့ Mobile Information Literacy Course
သင်​တန်းဆင်းပွဲ အမှတ်တရ

Mobile Information Literacy Course @ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်​ကြီး)

Mobile Information Literacy Course @ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်​ကြီး)
=================================================
မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံခေါင်းဆောင် ဝန်ထမ်းများ မွေးထုတ်ရာ အထက်​မြန်မာပြည် ဇီးပင်​ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ အရာထမ်းလောင်းသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) သင်တန်းသားများကို e-Government Tools တွေ အသုံးပြုနိုင်ဖို့ Internet Infrastructure ခိုင်မာစေဖို့ " အမေရိကန်နိုင်ငံ၊ Washington University ရဲ့ သင်ရိုးညွှန်တမ်းဖြစ်တဲ့ Mobile Information Literacy Course ကို MBAPF ရဲ့ Junior Trainer အနေနဲ့ 26.4.2017 ကနေ 28.4.2017 ထိ (၃) ရက်တိုင်တိုင် သင်ကြားပို့ချခဲ့ပါတယ်။